ဆေးရုံပေါ်က တစ္ဆေ( စ/ဆုံး)


"ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ သခ်ျိုင်းကို 

တစ်နေ့သုံးမျက်စောင်းထိုးတတ်တဲ့...."


ဟိုးရှေးတုန်းက စကားပေမယ့် ခုထိမှန်တုန်း။

အဲဒီစကားကို ကြားဖူးလို့နှင့်တူရဲ့။

မသီမှာ ကိုယ်ဝန်ရှိပြီးဆိုကတည်းက...

နိုင်ကြီး သူ့မယားကို မျက်လုံးဒေါက်ထောက်

ကြည့်ပြီး ဂရုစိုက်တယ်။


ရပ်ဓလေ့၊ ရွာဓလေ့၊ မင်္ဂလာဆောင် ရှင်ပြုရဟန်း

ခံရှိလို့ ဝေယျာဝစ္စသွားလုပ်လည်း ချက်ချင်း

လိုက်ခေါ်တယ်။ လောကီမှတ်ရာပဒေသာစာ

အုပ်မှာ ကိုယ်ဝန်ဆောင်သည်တွေ လက်မဖွဲ့ရဘူး၊

မသွားရဘူးလို့ ရေးထားတာကိုး။


ဘုရားတည်ရာ၊ ကျောင်းဆောက်၊ အိမ်ဆောက်

ရာတွေလည်း မသွားစေဘူး။


ကိုယ်ဝန်ဆောင်သည်ဟာ ဒီလိုကိစ္စမျိုးနှင့် ပတ်

သက်တဲ့ ပစ္စည်းတွေကို မကိုင်မတွယ်ကောင်းဘူး။


စုပုံထားတဲ့ ချထားတဲ့ သစ်ဝါးတွေကို မကျော်

နင်းကောင်းဘူး။ မတော်တဆ အမှားအယွင်း

လုပ်မိရင် အသက်တောင် ထိခိုက်တတ်တယ်လို့

လူကြီးသူမတွေ ပြောစကားရှိတာကိုး။


ကျန်တဲ့ အလေးအပင်း မတဲ့ကိစ္စ၊ အပူအစပ်

စားတဲ့ကိစ္စဆိုလည်း တွေ့တာနှင့် ပြောတော့တာ။

ဂရုစိုက်ချက်က လွန်ရောပဲ။


ပြောမယ့်သာ ပြောရတာပါ။ နိုင်ကြီးကို

အပြစ်ဆိုလို့တော့ မရပါဘူး။ ဒီကိုယ်ဝန်က

မသီ ပထမဆုံးလွယ်ရတဲ့ ကိုယ်ဝန်လေ။

အတွေ့အကြုံကလည်း မရှိတော့ ဟိုလူပြော

စိုးရိမ်ရ။ ဒီလူပြော စိတ်ပူရနှင့်။ သူ့မယား

မသီအတွက် နိုင်ကြီး သောကရောက်နေရပုံ

ပြောပါတယ်။ 


ဒီလိုနှင့်ပဲ မသီရဲ့ကိုယ်ဝန်က တစ်နေ့ထက်တစ်

နေ့ ရင့်မာပြီး မွေးဖွားမယ့်ရက် ရောက်လာ

တယ်။ မီးနေခန်းထဲက မသီရဲ့ ညည်းညူသံ၊

အော်သံကြားရလေလေ။


နိုင်ကြီး မျောက်မီးခဲ ကိုင်မိသလို ဖြစ်လေ။

ထိုင်မရ၊ ထမရ ဖြစ်လေပဲ။ ဝင်လိုက်ထွက်

လိုက်နေတဲ့ အရပ်လက်သည် အမေမွှေးကြီးရဲ့

မျက်နှာပဲ လိုက်ကြည့်နေရတယ်။


အချိန်ကြာလာလေလေ နိုင်ကြီးစိတ်တွေ 

ယောက်ယက်ခတ်ပြီး ကယောင်ချောက်

ချားဖြစ်လေပဲ။


ကြိုပြီး ကျက်မှတ်ထားတဲ့ အင်္ဂုလိမာလသုတ်ရွတ်

တာတောင် ရှေ့ကနောက်ရောက်၊ နောက်ကဟာ

ရှေ့ရောက်နှင့် ကပေါက်တိ ကပေါက်ခြားကို

ဖြစ်လို့...။


တော်တော်ကြီးကြာတော့ အမေမွှေးက နိုင်ကြီး

ကိုခေါ်တယ်။


"ဟဲ့ ငနိုင်၊ နင့်မယား မွေးရခက်နေတယ်၊ ဝမ်းဆွဲ

ဆရာမကို မြန်မြန်သွားခေါ်စမ်း"


နိုင်ကြီးပူထူသွားတယ်။ စက်ဘီးယူပြီး အမြန်

နင်းသွားတယ်။ ဝမ်းဆွဲဆရာမက တစ်ခြား

ရွာမှာ သူ့အိမ်ရောက်တော့လည်း ဆရာမက

မရှိဘူး။ အခြားရွာမှာ ကလေးသွားမွေးပေး

နေတယ်။ မောကြီးပမ်းကြီးနှင့်ပဲ  နိုင်ကြီးဆက်

လိုက်ရပြန်တယ်။


ကံအားလျော်စွာ အိမ်ပြန်ရောက်လာတဲ့ ဆရာမ

ကို ရွာထိပ်မှာတွေ့တယ်။ နိုင်ကြီး၊ အကျိုးအ

ကြောင်းပြောပြပြီး ဆရာမကို အိမ်ပင့်လာခဲ့တယ်။


အိမ်ကိုရောက်တော့ ချွေးတောင်မသုတ်ရသေးဘူး။


"ဆေးရုံတင်မှရမယ်၊ မြန်မြန်လုပ်၊ မြန်မြန်လုပ်"


ဆိုတဲ့ ဆရာမရဲ့အသံက နိုင်ကြီးခံစားနေရတဲ့

စိုးရိမ်ပူပန်မှုတွေကို အမြင့်ဆုံးထိ ရောက်သွား

စေခဲ့တယ်။ 


"ဘုရား...ဘုရား၊ မသီ ဘာမှ မဖြစ်ပါစေနှင့်"


နိုင်ကြီးအဖြစ်က စိတ်သောကရောက်တာတောင်

အေးအေးဆေးဆေး သောကမရောက်ရတဲ့အ

ဖြစ်၊ မသီကို ဆေးရုံအမြန်ပို့ဖို့ ပြင်ဆင်ရတယ်။

သတင်ကြားလို့ ရောက်လာကြတဲ့ ညီအစ်ကို

မောင်နှမတွေ ရွာထဲက လူတွေရဲ့ အကူအညီနှင့်

စောင်ပုခက်နှင့် ထမ်းပြီး မသီကို ဆေးရုံပို့

ကြရတယ်...။


ဆေးရုံရောက်တော့လည်း ခွဲစိတ်ခန်းထဲ တန်း

ဝင်ရပြန်တယ်။ ခွဲစိတ်ခန်းထဲက ထွက်မလာ

မချင်း နိုင်ကြီးတစ်ကိုယ်လုံး သောကမီးတွေ

လောင်လို့။


နှစ်နာရီလောက်ကြာမှ ခွဲစိတ်ခန်းထဲက ထမီ

အနီဝတ် သူနာပြုဆရာမတစ်ယောက် ထွက်

လာတယ်။ လက်ထဲမှာ ကလေးနီတာရဲလေး

ကို ပွေ့လို့။


"မွေးလူနာ မသီရဲ့ လူနာရှင် ဘယ်မှာလဲ"


နိုင်ကြီး အပြေးလေးသွားတယ်။


"ဒီမှာ ဒီမှာ "


"သားယောက်ျားလေးမွေးတယ်၊ လူကြီးရော ကလေးရော ကျန်မားရေးကောင်းတယ်၊

ဟိုအခန်းထဲက စောင့်နေပါ၊ ခဏနေရင် လူ

နာထွက်လာလိမ့်မယ်"


ကလေးကို ပေးပြီး ခွဲခန်းထဲ ဆရာမ ပြန်ဝင်

သွားတယ်။ ဒီတော့မှ နိုင်ကြီးပြုံးနိုင်တော့တယ်

သားလေးရဲ့မျက်နှာကို ရှူမဝတဲ့အကြည့်နှင့်

ကြည့်ရင်းကနေ မွှေးမွှေးပေးလိုက်တယ်။

ခဏနေတော့ လူနာတွန်းစင်နှင့် မသီ ခွဲခန်း

ထဲက ထွက်လာတယ်...။


ခွဲခန်းနှင့် မျက်နှာချင်းဆိုင်က သီးသန့်တစ်

ယောက်ခန်းထဲမှာ နေရာချပေးတယ်။ အဲဒီ

အချိန်မှာ ညဆယ်နာရီလောက် ရှိနေပြီ။

မသီကို ကြည့်ရှုစောင့်ရှောက်ဖို့က ပူစရာ

မလိုဘူး။ မသီရဲ့အမ အလှကြီးတစ်ယောက်

လုံးရှိနေတာပဲ။


နိုင်ကြီးကတော့"အမျိုးသမီးလူနာ၊ ယောက်ျား

ညအိပ်စောင့်လို့မရဘူး"ဆိုတဲ့ စည်းကမ်း

ချက်ကြောင့် အိမ်ကိုပဲ ပြန်ခဲ့ရတော့တယ်။


Xxxxx


လူနာဆောင်တစ်ချို့ဆီက ရံဖန်ရံခါ ပေါ်ထွက်

လာတတ်တဲ့ ချောင်းဆိုးသံ၊ ချွဲဟက်သံနှင့်

ကလေးဆောင်ဘက်ဆီက တစ်ခါတစ်ရံ ရုတ်

တရက် လန့်လန့်ငိုလိုက်တဲ့ ကလေးငိုသံက

လွဲလို့...


ဆေးရုံရဲ့ညက ပုံမှန်အတိုင်း တိတ်ဆိတ်နေတယ်

နံနက်လင်း စနာတဲ့အချိန်က နေ့၊ ည ဆယ်နာရီ

လောက်ထိ အသက်နှင်းရင်းပြီး ပင်ပင်ပန်းပန်း

မွေးဖွားခဲ့ရလို့ထင်ရဲ့...။


မသီသူ့ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်

မောကျနေပြီ။ ကလေးနီတာရဲကလေးကလည်း

မသီဘေးမှာ အိပ်နေတယ်။ မအိပ်တာဆိုလို့

အလှကြီးတစ်ယောက်ပဲ ကျန်တယ်။ ညီမကို

စိတ်မချတာရော၊


ခုနကမှ လူ့ဘဝထဲ ရောက်လာတဲ့ တူလေးကို 

စိတ်မချတာရောကြောင့် အလှကြီးတစ်ယောက် အိပ်လို့မရဘဲ မျက်စိကြောင်နေတယ်...၊


အဲဒီအချိန်မှာပဲ သူ့နားထဲမှာ အသံတစ်ခုကို

ကြားလိုက်ရတယ်။


"ကျွီ...ကျွီ... ကျွီ...ကျွီ"


စည်းချက်ကျကျနှင့် လေးလေးပင်ပင် ထွက်

ပေါ်နေတဲ့အသံ။ အသံက သူတို့ရဲ့ အပေါ်

အထက်ဘက်က၊ အလှကြီး မော့ကြည့်လိုက်

တယ်။


"သြော်..."


အပေါ်မှာလည်း တစ်ထပ်ရှိသေးတာကိုး"


လို့ တွေးမိလိုက်တယ်။ ဟုတ်တယ်၊ သူတို့အခန်း

ရဲ့အထက်မှာ ထပ်ခိုးလို အထပ်တစ်ထပ်ကို

တွေ့ရတယ်။ အဲဒီထပ်ခိုးက အပြည့်မဟုတ်ဘူး။

တစ်ဝက်လောက်ပဲရှိမယ်။ ထပ်ခိုးရဲ့အစွန်းမှာ

သစ်သားတန်းနှစ်တန်းကို အရံအတားအဖြစ်

ကာထားတယ်။


ထပ်ခိုးပေါ်မှာက အသက် ခုနှစ်ဆယ်လောက်

အဘိုးကြီးတစ်ယောက် လှုပ်ကုလားထိုင်နှင့်

ထိုင်နေတယ်။


အလှကြီး ကြားတဲ့အသံက လှုပ်ကုလားထိုင်

ရှေ့လှုပ်၊ နောက်လှုပ်၊ လှုပ်နေတဲ့ဆီကအသံ။

အဘိုးကြီးဟာ အဖြူရောင် အင်္ကျီလက်တို

ပွပွနှင့် အစိမ်းအနီရောင်တွေပါတဲ့ ပုဆိုးအ

ကွက်ကျဲကျဲကြီးကို ဝတ်ထားတယ်။


အောက်မှာ လူမမာရောက်နေတာတောင် ဂရု

မပြုတဲ့ဟန်နှင့် ရှေ့တူရူကို ကြည့်နေတယ်။

သူတို့နေတဲ့ အောက်ဘက်ကို ယောင်လို့တောင်

ငုံမကြည့်ဘူး။


ပထမတော့ "အပေါ်မှာ ဆရာဝန်နေတာနှင့်

တူတယ်"လို့ အလှကြီးတွေးမိတယ်။


နောက်မှ


"ဟင်၊ မဟုတ်သေးပါဘူး၊ ဒီလောက်အသက်

ကြီးနေရင် ဆရာဝန် မဖြစ်နိုင်ပါဘူး၊ ဆရာဝန်

ရဲ့ အဖေများလား"လို့ တွေးမိလိုက်တယ်။


သိပ်မကြာခင်မှာပဲ အလှကြီးလည်း တမံတလင်း

ပေါ်က အိပ်ရာပေါ်မှာ အိပ်ပျော်သွားပါတော့တယ်။


Xxxxx


ရုတ်တရက် ဖြတ်ခနဲ မသီ လန့်နိုးတယ်။ ဘေးကို 

ကြည့်လိုက်တော့ အပူအပင်မဲ့စွာနှင့် အိပ်ပျော်နေတဲ့

သားလေးကို တွေ့လိုက်တယ်။ အလှကြီးဆီက

တရှူးရှူးအသံ ကြားရတယ်။


ငြိမ်ချက်သားကောင်းနေတဲ့အတွက် အိပ်ပျော်

နေပြီဆိုတာ သိလိုက်တယ်။ မသီခွဲထားတဲ့ ဒဏ်

ရာကြောင့် လှုပ်လှုပ်ရှားရှား မလုပ်နိုင်ဘူး။

အိပ်ရာပေါ်မှာ ပက်လက်နေနေရတယ်။


ဟိုဘက်၊ သည်ဘက်ကြည့်ချင်တာတောင်

ခေါင်းကို နည်းနည်းပဲ စောင်းလို့ရတယ်။

ဒီလိုနှင့် ခေါင်းမိုးကိုပဲ ကြည့်နေရတဲ့ မသီဟာ

ထပ်ခိုးပေါ်က အဘိုးကြီးကို လှမ်းတွေ့လိုက်တယ်။


အဘိုးကြီးက လှုပ်ကုလားထိုင်ကို ရှေ့တိုး

နောက်ငင်လှုပ်ပြီး ထိုင်နေတယ်။ လှုပ်ကုလား

ထိုင်က ထွက်နေတဲ့ တကျွီကျွီအသံက

တဖြည်းဖြည်းနှင့် နားငြီးဖို့ ကောင်းလာတယ်။


အဲဒီလိုနေတုန်းမှာ အဘိုးကြီးက မသီကို ရုတ်

တရက် လှမ်းကြည့်လိုက်တယ်...။ မသီကလည်း

ပက်လက်က ကြည့်နေတော့ မျက်လုံးချင်းဆုံ

သွားတယ်။ မသီရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွား

တယ်။ ကြက်သီးမွှေးညှင်းတွေလည်း ထသွား

တယ်။ အဘိုးကြီးကြည့်တဲ့အကြည့်က တစ်

မျိုးကြီးပဲ။


ကြောက်စရာကောင်းတဲ့ အေးစက်နက်ရှိုင်းမှုတွေ

ပါနေတယ်။ ဖြတ်ခနဲ အဘိုးကြီးမျက်နှာ ပြန်လွှဲ

သွားတယ်။ မသီက အေးစက်စက် မျက်လုံးပိုင်

ရှင်ကြီးဆီကနေ အကြည့်ကို လွှဲမပစ်မိဘူး။


စူးစူးစိုက်စိုက် ကြည့်နေမိတုန်းပဲ။ ခဏနေတော့

အဘိုးကြီးဟာ သစ်သားအရံအတားပေါ် ခြေ

တစ်ဖက် လှမ်းတင်လိုက်တယ်။


ဒူးဆစ်ကွေး၊ ခြေသလုံးနှင့် ခြေဖဝါးတွေက

သစ်သားတန်းရဲ့ အပြင်ဘက်ကို တန်းလန်း

ကျလာတယ်။ အဘိုးကြီးက မသီကို တစ်

ချက်လှမ်းကြည့်လိုက်ပြန်တယ်။ ဒီတစ်ခါ

တော့ အဘိုးကြီးက လှိုက်လှိုက်လှဲလှဲ

ပြုံးပြလို့....


ဒါပေမယ့် အဘိုးကြီးရဲ့ မျက်လုံးကို ကြည့်ပြီ 

မသီလန့်သွားတယ်။ မျက်လုံးနှစ်လုံးက 

အစိမ်းနုရောင် တောက်နေတယ်။ ဖန်ဂေါ်လီ

နှစ်လုံး လှည့်ထားသလို မျက်လုံးထဲမှာ

မွှတ်နေအောင် လည်နေတယ်။


မိုက်ခနဲ ခေါင်းမူးသွားတာကြောင့် မသီ မျက်လုံး

ကို မှိတ်လိုက်တယ်။ မျက်လုံးပြန်ဖွင့်လိုက်တော့

အဘိုးကြီး မျက်နှာလွှဲသွားပြီ။ လှုပ်ကုလားထိုင်

ကို ရှေ့နောက်လွဲပြီး ထိုင်နေတုန်း။


သစ်သားတန်းပေါ် တင်ထားတဲ့ ခြေတစ်ဖက်

ကလည်း တန်းလန်းကြီး ရှိနေတုန်းပဲ။ မသီ

ကြည့်နေတုန်းမှာပဲ ခြေထောက်ကြီးဟာ နည်း

နည်း ပိုပြီး ရှည်လာသလိူ ထင်လိုက်ရတယ်။

မဟုတ်ဘူး။ ထင်တာမဟုတ်ဘူး။


တကယ် မြင်လိုက်ရတာ။ အဘိုးကြီးရဲ့ ခြေ

ထောက်ကြီးက တဖြည်းဖြည်း ရှည်ထွက်ပြီး

အောက်ကို တန်းလန်းကျလာတယ်။


မသီ ယောင်ပြီး အော်မယ်အလုပ်မှာ အဘိုး

ကြီးရဲ့ခြေထောက်က ပုံမှန်အတိုင်း ပြန်ဖြစ်

သွားတယ်။ သစ်သားတန်းပေါ်မှာပဲ မသီ

ကြက်သီးထသွားတယ်။


အဘိုးကြီးကို ကြည့်ရင်း၊ ကြည့်ရင်း မသီမျက်

လုံးတွေ လေးလံပြီး အိပ်ပျော်သွားပြန်တယ်။

ပြီးတော့ ချက်ချင်းဆိုသလိုပဲ ဖြတ်ခနဲ ပြန်နိုး

လာတယ်။ မျက်စိဖွင့်တာနှင့် မသီတန်းမြင်လိုက်

ရတာက ထပ်ခိုးပေါ်က ကျလာတဲ့အဘိုးကြီးရဲ့

ခြေထောက်ကြီး၊ မသီရဲ့ ဗိုက်ကို ဖိနင်းတော့

မလိုဘဲ။ မသီလက်နှင့် လှမ်းဆွဲရင်တောင်

မီနိုင်တဲ့အထ်ိကို နီးကပ်နေပြီ၊


မသီ ကြောက်လန့်တကြားနှင့် အော်ပစ်လိုက်

တယ်။ မသီရဲ့စူးစူးဝါးဝါး အော်လိုက်သံကြောင့်

အလှကြီး လန့်နိုးသွားတယ်။


ကမန်းကတန်း လူးလဲထပြီး မသီလက်ကို

ကိုင်ထားတယ်။ 


"ဘာဖြစ်တာလည်း...ငါရှိတယ် မကြောက်နဲ့

မကြောက်နဲ့"လို့ တဖွဖွ အားပေးတယ်။


အဲဒီအချိန်မှာပဲ ဆေးရုံဝန်ထမ်း ဆရာမတွေနှင့် 

လူနာစောင့်အချို့ပါ ရောက်လာကြတယ်။


မသီကတော့ အပေါ်ကို လက်ညှိုးထိုးပြရင်း


"ဟိုမှာ ဟိုမှာ...ခြေထောက်ကြီး..."


ဆိုတဲ့စကားကိုပဲ ထပ်တလဲလဲ ပြောနေတယ်။

အကြောက်လွန်နေပုံလည်း ရတယ်။ အလှကြီး

အပေါ်ထပ်ခိုးကို မော့ကြည့်လိုက်တယ်။


"ဟင်.. "


အလှကြီး အံ့သြသွားတယ်။ ကြက်သီးတွေလည်း

တဖြန်းဖြန်း ထလို့။ အပေါ်မှာ ဘာထပ်ခိုးမှ မရှိဘူး။

အဖြူရောင် ဆေးသုတ်ထားတဲ့ မျက်နှာကျက်ပဲ

ရှိတယ်။


"ဒါဆိုရင် ညက ငါတွေ့တဲ့ ထပ်ခိုးနှင့် လှုပ်ကု

လားထိုင်ပေါ် ထိုင်နေတဲ့ အဘိုးကြီးဟာ..."


အလှကြီး တစ်ကိုယ်လုံး တုန်လှုပ်သွားတယ်

ညက သူ သရဲခြောက်ခံရတယ်ဆိုတာကို

ခုမှပဲ သိလိုက်တော့တယ်။


Xxxxx


အဘိုးကြီးရဲ့ ခြေထောက်ကြီးက ကျမ ဗိုက်ပေါ်

ကို နင်းတော့မလို့ နည်းနည်းပဲ လိုတော့တယ်"


မသီက ထပ်ခိုးပေါ်က အဘိုးကြီးအကြောင်း

အစအဆုံး ပြောပြနေတယ်။ အလှကြီး အံ့အား

သင့်သွားတယ်။ သူတွေ့တာလည်း လှုပ်ကုလား

ထိူင်နှင့် အဘိုးကြီး။ မသီတွေ့တာလည်း

လှုပ်ကုလားထိုင်နှင့် အဘိုးကြီးပဲ။ တစ္ဆေ

တစ်ကောင်တည်းကပဲ သူတို့ ညီအစ်မနှစ်

ယောက်စလုံးကို တစ်ချိန်စီ ခြောက်လှန့်

နေခဲ့တာပေါ့။


သရဲခြောက်ခံရတဲ့အကြောင်းကို မသီပြောနေ

ချိန်မှာ အလှကြီး အသာငြိမ်နေလိုက်တယ်။

ဘာမှဝင်မပြောတော့ဘူး။ မသီရဲ့စကားကို

အားလုံးဝိုင်းပြီး နားထောင်နေကြတယ်။

အမှန်တကယ် တစ္ဆေသရဲ ခြောက်လှန့်တာ

လို့ ယုံတဲ့သူ ရွိသလို...၊


မီးနေသည် သွေးလေချောက်ချားပြီး သူရဲခြောက်ခံ

ရတာကို ထင်မြင်ယူဆသူလည်း ပါမှာ ဖြစ်ပါတယ်။ 


ထဘီအနီဝတ် သူနာပြုဆရာမလေးကတော့

မသီရဲ့စကားအဆုံးမှာ အပေါ်ကို လှစ်ခနဲ တစ်

ချက်ကြည့်လိုက်ပြီး ပြန်ထွက်သွားတယ်။


လှစ်ခနဲ ကြည့်တဲ့ သူမရဲ့အကြည့်ထဲမှာ လျှို့

ဝှက်ချက်တွေ ပါနေတာကို ဘယ်သူမှ သိကြ

မှာ မဟုတ်ဘူး...။


တကယ်တော့ ဒီအခန်းက သရဲအခြောက်ခံ

ရတယ်လို့ပြောတာ မသီပထမဆုံး မဟုတ်ဘူး။

မသီရဲ့အရင်ကလည်း လူနာတစ်ချို့ပြောခဲ့

ဖူးတယ်၊ ထူးခြားတာက.... သရဲခြောက်ခံရ

သူတိုင်းဟာ ထပ်ခိုးပေါ်မှာ လှုပ်ကုလားထိုင်

နှင့် ထိုင်နေတဲ့ အဘိုးကြီးကိုသာ တွေ့ကြ၊

မြင်ကြရခြင်းပါပဲ။


ဆရာမလေးကတော့ သိတယ်။ မသီအပါအဝင်

သရဲအခြောက်ခံရတဲ့ လူနာတွေအားလုံး သွေး

လေချောက်ချားပြီး ထင်ရာမြင်ရာ ပြောတာ

မဟုတ်ဘူးဆိုတာ။ ဘာကြောင့်လည်းဆိုတော့။


လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က...

ပုဆိုးကွက်ကျဲကြီးနှင့် လူနာအဘိုးကြီးတစ်

ယောက် ဒီသီးသန့်ခန်းထဲမှာ လနှင့်ချီပြီး

နေခဲ့ဖူးတယ်။


သူ့မှာ လှုပ်ကုလားထိုင်တစ်လုံးလည်း ပါလာ

တယ်။ သူဟာ ရောဂါသက်သာလို့ နေသာ

ထိုင်သာရှိတာနှင့် လှုပ်ကုလားထိုင်ပေါ်မှာပဲ

တစ်နေလုံး ထိုင်နေတတ်တယ်။ 


"ဒီအပေါ်မှာ ထပ်ခိုးလေးရိုက်ပြီးနေရရင်

သိပ်ကောင်းမှာပဲ"


လို့တောင် ဆရာမလေးကို ပြောသေးတယ်


အဲဒီနောက် မကြာပါဘူး။


 အဘိုးကြီးဆုံးသွားတယ်။

ဒီအခန်းထဲမှာပဲ။ အဘိုးကြီးဆုံးတဲ့နေ့က အ

ဖြစ်အပျက်ကို ဆရာမလေး ဒီနေ့ထိ မမေ့နိုင်

သေးဘူး။ လူနာအခြေအနေ စစ်ဆေးဖို့

ဆရာမလေး အဘိုးကြီးရဲ့ သီးသန့်ခန်းထဲ

ဝင်ခဲ့တယ်။


အဘိုးကြီးက လှုပ်ကုလားထိုင်ပေါ်မှာ ငြိမ်သက်

နေတယ်။


လူနာစောင့်တဲ့ကောင်လေးလည်း မရှိဘူး။


ဆရာမလေးက အဘိုးကြီးကို ခေါ်ကြည့်တယ်။

မသင်္ကာတာနှင့် အဘိုးကြီးရဲ့ လက်ကောက်

ဝတ်ကို စမ်းကြည့်တယ်။ မျက်လုံးကို ဖြဲကြည့်

တယ်။ ရင်ဘတ်ပေါ် လက်တင် ကြည့်တယ်။

သေချာပြီ။


အဘိုးကြီး အသက်မရှိတော့ဘူး။ အဲဒီအချိန်

မှာပဲ အသံတစ်စုံတစ်ရာကို ဆရာမလေး

ကြားလိုက် ရသလိုလို ဖြစ်သွားတယ်။

အသံကြားတဲ့အပေါ်ဘက်ကို မော့ကြည်ံလိုက်

တော့ ထပ်ခိုးတစ်ခုပေါ်မှာ...


ရှေ့နောက်လှုပ်ရမ်းနေတဲ့ လှုပ်ကုလားထိုင်

တစ်လုံး...


လှုပ်ကုလားထိုင်ပေါ်မှာ ပုဆိုးကွက်ကျဲကြီး

နှင့် အဘိုးကြီးတစ်ယောက် ရှိနေတယ်...

အဘိုးကြီးက ဆရာမလေးကို ကြည့်ပြီး

လှိုက်လှိုက်လှဲလှဲနှင့်

ပြုံးပြနေလေရဲ့...။


သူ့မျက်လုံးတွေက အစိမ်းနုရောင်တောက်လို့၊

မျက်ဝန်းထဲမှာ မွှတ်နေအောင်လည်လို့။


ပြီးပါပြီ


မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့( ချောင်းဦး)


ဆွဲကြိုးချကုန်းကတစ္ဆေနှင့် ကျွန်းပင်စောင့်သရဲ

စာအုပ်မှ လက်ခ ကောက်နုတ်တင်ပြထားသည်


စာဖတ်သူများ စိတ်ရွှင်လန်းပါစေ...


#ပရလောက

#ညမဖတ်ရ